PLC အခြေခံ သင်ခန်းစာများ။

Forward/Reverse Starter အကြောင်း

ဒီ ဗီဒီယိုလေးမှာတော့ Forward နဲ့ Reverse အကြောင်းကို ရှင်းပြထားပါတယ်ခင်ဗျာ။

Forward ကို နှိပ်လျှင် Forward လည်မှာ ဖြစ်ပြီး 

Reverse ကို နှိပ်လျှင် Reverse လည်မှာ ဖြစ်ပါတယ်။

Forward လည်နေလျှင် Reverse ခလုပ်ကိုနှိပ်ခဲ့သည်ရှိသော် Interlocking System ကြောင့် အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုပဲ Reverse လည်နေလျှင် Forward ခလုပ်ကို နှိပ်ခဲ့သည်ရှိသော် Interlocking System ကြောင့် အလုပ်လုပ်မှာ မဟုတ်ပါဘူး ခင်ဗျာ။

ရှင်းပြထားတဲ့ Video လေးကို Forward/Reverse Button လေးကို နှိပ်ပြီး Youtube မှာ လေ့လာနိုင်ပါတယ်။

Exercises-1 Piston တစ်လုံးကို Extend / Retract လုပ်ခြင်း

ဒီ Video လေးကတော့ PLC ကို စစလေ့လာမယ့် လူတွေ နားလည်လွယ်အောင် Piston လေးကို အဝင်အထွက် ပြုလုပ်ပြီး စမ်းပြထားတာ ဖြစ်ပါတယ်။ solenoid နှစ်လုံး Switch နှစ်လုံး ပါဝင်ပါတယ်။ Switch 1 ကို နှိပ်လျှင် ပင်စတင်သည် အပြင်သို့ ထွက်သွားပြီး၊ Switch 2 ကို နှိပ်လျှင် ပင်စတင်သည် အထဲသို့ ပြန်လည်ဝင်ရောက်မှာ ဖြစ်ပါတယ်။

Video လေးကို YouTube မှာ ကြည့်ဖို့ ဘေးက Exercises-1 Piston ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

Mitsubishi Traffic Light Control

ဒီ Video လေးမှာတော့ ကျွန်တော်တို့ Traffic Light ရဲ့ အခြေခံ အဆင့် ၄ ဆင့်ကို Mitsubishi PLC နဲ့ ဘယ်လို Control လုပ်ထားတယ်ဆိုတာ ရှင်းပြထားပါတယ်။

ပြီးတော့ စောင့်ဆိုင်းချိန် ပြောင်းလဲဖို့ အတွက်လည်း နမူနာ ပြထားပါတယ်။ လေ့လာဖို့အတွက် YouTube ကို ဘေးနားက Mitsubishi Traffic Light Button လေးကို Click ခြင်းဖြင့် ရောက်နိုင်ပါတယ်။

TON

Timer Relay Time to On

TON

Timer Relay Time to On အကြောင်း ရှင်းပြထားတာပါ။

ခလုပ်ဖွင့်ဖွင့်ခြင်းမှာ Timer Relay သည် စတင် Count လုပ်ပြီး သတ်မှတ်အချိန်ရောက်လျှင် On ခြင်းဖြင့် ခလုပ်ဖွင့်ဖွင့်ခြင်း မ On အောင် Delay ခံထားခြင်းဖြစ်သည်။

CodeSys ဖြင့် Simulate လုပ်၍ ရှင်းပြထားပါသည်။

TON Video ကို နှိပ်၍ Video ကို လေ့လာနိုင်ပါသည်။

TOFF

Timer relay time to off

TOFF 

Timer Relay Time To Off အကြောင်းရှင်းပြထားတာပါ။

ခလုပ်ဖွင့်ဖွင့်ခြင်းမှာ Timer Relay သည် Energize ဖြစ်ပြီး စ၍ ON ပါမည်။ ခလုပ်ပိတ်လိုက်လျှင်တော့ ချက်ခြင်း မပိတ်ပဲ၊ သတ်မှတ်ထားသော အချိန်ရောက်မှ ပိတ်ပါမည်။

Off Delay Timer ဟုလည်း ခေါ်ပါသည်။

CodeSys ဖြင့် Simulate လုပ်၍ ရှင်းပြထားပါသည်။

TOFF Video ကို နှိပ်၍ Video ကို လေ့လာနိုင်ပါသည်။

Tp

timer relay (pulse)

TP

Timer Relay Time Pulse အကြောင်း ရှင်းပြထားတာပါ။

ခလုပ်ဖွင့်လိုက်လျှင် သတ်မှတ်ထားသော အချိန် တစ်ခုသာ ON ၍ ပြန်ပိတ်သွားစေသော စနစ်ဖြစ်ပါသည်။ Shopping Mall ရှိ Automatic တံခါးများ သည် လူဝင်/ထွက်လာလျှင် ပွင့်၍၊ လူ အဝင်အထွက် အချိန်တစ်ခုအထိ မရှိလျှင် ပိတ်သွားစေသော အခါမျိုးတွင် သုံးနိုင်ပါသည်။

CodeSys ဖြင့် Simulate လုပ်၍ ရှင်းပြထားပါသည်။

TP Video ကို နှိပ်၍ Video ကို လေ့လာနိုင်ပါသည်။

Sink and Source 

Sink နဲ့ Source ရဲ့ အကြောင်း

ဒီတစ်ခါမှာတော့ Sink နဲ့ Source ရဲ့ အကြောင်းကို ရှင်းပြထားတာပါ။

ယျေဘုံယ အားဖြင့်တော့ Sink ဆိုတာ လက်ခံတာ ဖြစ်ပြီး

Source ဆိုတာကတော့ ထုတ်လွှတ်တာပါ။

Sink နဲ့ Source ရဲ့ အကြောင်းကို ပိုမိုသိလိုလျှင်တော့ အောက်က Play Video လေးကို နှိပ်ပြီး လေ့လာကြည့်ပါ ခင်ဗျာ။ 

Sink & Source Play Video ▶️

OP 320

OP 320 ဆိုတဲ့ Operator Panel အကြောင်း

OP320 ဆိုတာ တရုတ်က လာတဲ့ Operator Panel ပါ။ 

HMI ဆိုတဲ့ Human Machine Interface ဆိုလည်း မမှားပါဘူး။

Operator က ခိုင်းချင်တဲ့ ဟာတွေကို ကီးဘုတ်လေးမှာ ပါတဲ့ 

1,2,3,4,5,6,7,8,9,0 +/- ESC ALM 🔽🔼◀️▶️ SET EN စတဲ့ ခလုပ်လေးများကို နှိပ်၍ ခိုင်းစေနိုင်ပါတယ်။

 ဘယ်လို လုပ်ရတယ်ဆိုတာတော့ အောက်က OP320 Play Video လေးကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ခင်ဗျာ။

OP320 Play Video ▶️

ATS အကြောင်း

ATS အကြောင်း နမူနာ အနေနဲ့ YESC က လာတဲ့ မီးနဲ့ မီးစက်က လာတဲ့ မီးအကြောင်း နမူနာ အနေနဲ့ ပြထားပါတယ်။ မီးပျက်သွားလျှင် မီးစက်နှိုးမယ်။ မီးစက် က Volt ထွက်လာရင် မီးစက်က ပါဝါကို Load ကို ပို့မယ်။ မီးပြန်လာရင် မီးစက် က ပါဝါ ကို ပိတ်ပြီး YESC က ပါဝါကို Load ကို ပြောင်းပေးမယ်။ ပြီးရင် မီးစက်ကို ရပ်မယ်။ အဲ့လိုမျိုး Logic ကို ဘယ်လို လုပ်လဲ PLC Logic လေးနဲ့ နမူနာ ပြထားပါတယ်။ Video ကို ကြည့်ရန် ATS Video ကို နှိပ်ပါခင်ဗျာ။


Automatic Transfer Switch

Automatic Transfer Switch ဆိုတာကတော့ Electrical Source ၂ ခုကို တစ်ခုကနေ တစ်ခုကို အခြေအနေ တစ်ခုမှာ ပြောင်းပေးတာ ဖြစ်ပါတယ်။

Automatic Water Filling System

အလိုအလျှောက်ရေတင်စက်။

ကျွန်တော်တို့ ရေကန်မှာ ရေနည်းသည့်အခါ ရေတင်သည့်ပန့်ကို ဖွင့်ပေးပြီး၊ ရေပြည့်သည့်အခါ ရေပန့်ကို ပိတ်ပေးသည့် စနစ်တစ်ကို PLC ဖြင့် ရေးကြည့် လေ့ကျင့်ကြည့်နိုင်ပါသည်။

အလိုအလျှောက်ရေတင်သည့်စနစ် Automatic Water Filling System နှင့် လူက အပိတ်အဖွင့်လုပ်ရသည့် Manual System နှစ်ခုစလုံးကို နမူနာပြ၍ ရှင်းပြထားပါသည်။

Auto Water Filling System Video Play ကို နှိပ်၍ Video ကို ကြည့်နိုင်ပါသည်။

𝟥 𝐹𝒶𝓃𝓈 𝒞𝑜𝓃𝓉𝓇𝑜𝓁 𝒷𝓎 𝒯𝑒𝓂𝓅𝑒𝓇𝒶𝓉𝓊𝓇𝑒 𝒮𝑒𝓃𝓈𝑜𝓇

မင်္ဂလာပါခင်ဗျာ။ Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ပန်ကာ ၃ ခုကို Temperature Sensor တစ်ခုနဲ့ မောင်းနှင်ပါ့မယ်။ Temperature Sensor သည် 0 to 10 Volt ဆိုပါစို့။ PLC Register ရဲ့ Resolution ကတော့ Min = 0 Max = 4095 ( ဒီမှာတော့ တရုတ်ကထုတ်တာဆိုတော့ 3983 ပဲ ရတယ်။) Maximun က PLC ရဲ့ Register Size နဲ့ ဆိုင်ပါတယ်။ 10 bit ဆို 1024, 11 bit ဆို 2048, 12 bit ဆို 4096 ပါ။ 0 (သုည) ကနေ 111 1111 1111 ထိကို 4096 ပါ။ 111 1111 1111 ရဲ့ တန်ဖိုးကတော့ 4095 ဖြစ်ပါတယ်။ ခု ဒီ PLC မှာ Min ကို 0 (သုည) Max ကို 4000 (၄ထောင်)လို့ အကြမ်းဖျဉ်း ယူကြည့်ပါမယ်။ 0 ဒီဂရီမှာ 0 100 ဒီဂရီမှာ 4000 ၄၀၀၀ ကို ၁၀၀ နဲ့ စားတော့ ၄၀ ရပါတယ်။ RD3A နဲ့ Temperature Value ကို ဖတ်ပါတယ်။ ရတဲ့ တန်ဖိုးကို D100 ထဲ ထည့်ပါတယ်။ D100 ကို 40 နဲ့ စားပါတယ်။ ရတဲ့ တန်ဖိုးကို D110 ထဲ ထည့်ပါတယ်။ [DIV D100 K40 D110] D110 သည် ပကတိ အပူချိန် 0 ကနေ 100 ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ 40 ဒီဂရီ စင်တီဂရိတ်ထက် ကျော်ရင် ပန်ကာ 1 မောင်းပါမယ်။ (Y000) 60 ဒီဂရီ စင်တီဂရိတ်ထက် ကျော်ရင် ပန်ကာ 2 မောင်းပါမယ်။ (Y001) 80 ဒီဂရီ စင်တီဂရီတ်ထက် ကျော်ရင် ပန်ကာ 3 မောင်းပါမယ်။ (Y002) Temperature နေရာမှာ Signal Generator လေးနဲ့ 0 to 10 V ကို Demonstration လုပ်ထားပါတယ်။ ကျေးဇူးတင်ပါတယ်။ #LearningPLCbyDoingOnly #PLCinMyanmar #ShweKuuandYoonSan #MyanmarAutomation #PLC #Mitsubishi အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရတဲ့ တန်ဖိုးတစ်ခုတော့ အမြဲတမ်း ရှိနေပါတယ်။ #GonGong

Temperature Humidity Sensor

မင်္ဂလာပါ။ 

Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။ Temperature နဲ့ Humidity sensor ဖြစ်တဲ့ XY-MD02 THS20 RS484 နဲ့ RTU Relay 4 Channels RS485 နဲ့ OP320-A RS485 ကို MODBUS Communication လုပ်ပုံလေး နမူနာ ပြချင်လို့ပါ။ အခန်းတွေ ရဲ့ အပူချိန်နဲ့ Humidity ကို Monitor လုပ်ချင်ရင် သုံးလို့ ရပါတယ်။ ကျွန်တော် ငယ်ငယ်က အအေးခန်းမှာ လုပ်ခဲ့တုန်းက အအေးခန်းတွေရဲ့ Temperature ကို ပြင်ထိန်း Operator ခန်းကနေ မော်နီတာ လုပ်ချင်ရင် သုံးသလိုမျိုးပေါ့။ RTU လို့ ခေါ်တဲ့ Remote Terminal Unit ကတော့ တံခါးတွေ။ solenoid တွေ Valve တွေကို အဖွင့် အပိတ် လုပ်ချင်ရင် သုံးလို့ရပါတယ်။ PLC တော့ မပါဘူး။ OP320 HMI ရယ် Temperature Humidity Sensor ရယ် RTU 4 Channels ရယ်ပဲ ပါပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကိုရိုနာ COVID-19 ကို ကာကွယ်ရန် လက်မကြာမကြာဆေးပါ။ လုစုလူဝေးရှောင်ပါ။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေ လိုက်နာပါ။

 #LearningPLCbyDoingOnly #PLC #OP320 #Humidity #Temperature #Sensor #ShweKuuandYoonSan 

"အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရတဲ့ တန်ဖိုးတစ်ခုတော့အမြဲတမ်းရှိနေပါတယ်။ "

#GonGong

China Clone PLC and RS485

မင်္ဂလာပါခင်ဗျာ။ Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ China Clone PLC လေးကို RS485 Setting ဘယ်လို Set ရလဲဆိုတာ မျှဝေချင်ပါတယ်။ China PLC RS485 အတွက် Manual လေးရဲ့ Download Link ကတော့ ဒီမှာပါ။ https://www.lollette.com/support/pdf/PLC/FK3u-analog-485.pdf စာမျက်နှာ နံပါတ် ၈ မှာ D8120 ကို ဘယ်လို Setting ချရလဲ ရှင်းပြထားပါတယ်။

 B0B1B2B3 B0 က 0 ဆို 7 Bit, 1 ဆို 8 Bit ပါ။ B1 နဲ့ B2 က တော့ 00 ဆို No Check 01 ဆို ODD 11 ဆို EVEN ပါ။ B3 ကတော့ 0 ဆို Stop Bit 1, 1 ဆို Stop Bit 2 ပါ။ B4B5B6B7 ကတော့ BUARD RATE ပါ။ 1001 ဆိုရင် 19,200 ပါ။ B8B9B10B11 ကတော့ မှာ B8 1 ဆို NO, B8 1 ဆို YES (Start Symbol) B9 1 ဆို NO, B8 1 ဆို YES (Terminator) B10B11 ကတော့ မသုံးထားပါဘူး B12B13B14B15 ကတော့ PROTOCOL ပါ။ 0100 ဆိုရင် SLAVE ပါ။ OP320 မှာ တော့ Dtype Connector ပါပါတယ်။ 2357 ကတော့ RS232 အတွက်ပါ။ 89 ကတော့ RS485 အတွက်ပါ။ 2-3 3-2 5-5 7-7 ဆက်ပြီး OP20 Edit Tool နဲ့ ကွန်ပျူတာကနေ Program ထည့်နိုင်ပါတယ်။ 8 က RS485 B- 9 က RS485 A+ ပါခင်ဗျာ။ RS232 ကို ကွန်ပျူတာနဲ့ ချိတ် ပြီး RS485 ကိုတော့ China PLC Clone နဲ့ ချိတ်ပါမယ်ခင်ဗျာ။ OP320 က သိပ်ပြီး လင်းနေတဲ့ အတွက်ကြောင့် Screen မှာ ဘာလင်းနေလဲ မမြင်ရဘူး ဖြစ်နေပါတယ်။ အပြင်မှာတော့ ဓာတ်ပုံထဲကအတိုင်း မြင်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

 #LEARNINGPLCBYDOINGONLY #ELECTRICALENGINEER #SHWEKUUANDYOONSAN #PLCINMYANMAR 

"အခမဲ့ဆိုတဲ့အရာတိုင်းမှာ ခန့်မှန်းလို့မရတဲ့တန်ဖိုးတစ်ခုတော့ အမြဲတမ်းရှိနေပါတယ်။"

 #GONGONG

OP-320 Testing 

မင်္ဂလာပါခင်ဗျာ။

 Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ တရုတ်နိုင်ငံက ထုတ်တဲ့ OP320 Operator Panel လေးအကြောင်း ရှင်းပြပါ့မယ်။ HMI = Human Machine Interface လို့ ဆိုရာမှာ LED မီး။ အချက်ပြမီး က စလို့ Text Display Screen အလယ်။ Touch Screen အထက် SCADA အဆုံး အကုန် ပါပါတယ်။ ခု OP 320 ကတော့ Text Display Panel အမျိုးအစား ဖြစ်ပါတယ်။ သူ့မှာ ပြုလုပ်လို့ ရတဲ့ Funcation တွေ အများကြီး ရှိပေမယ့် ခုတော့ သဘောလောက် ရှင်းပြပါ့မယ်။ သူဟာ RS485 Communication ကို SUPPORT လုပ်သလို RS232 Communication ကိုလည်း Support လုပ်ပါတယ်။ ခု Video ထဲမှာတော့ RS485 Master အနေနဲ့ အခြေခံ ရှင်းထားပါတယ်။ RS 485 အနေနဲ့ သုံးမယ်ဆိုရင် 9 Pin connector မှာ ပင်နံပါတ် 8 ကို B-, ပင် နံပါတ် 9 ကို A+ နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ Screen တွေ တစ်ခုနဲ့ တစ်ခု ပြောင်းချင်ရင်တာ့ UP DOWN Key ကို သုံးလို့ ရပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Program ကို Download လုပ်မယ်ဆိုရင်တော့ RS232 9 Pin မှာ 2357 Pin 4 Pin ကို အသုံးပြုရမှာ ဖြစ်ပြီး ကျွန်တော်ကတော့ 2 နဲ့ 3 နဲ့ ကို Cross မှ Communication အဆင်ပြေပါတယ်။

 ၂-၃

၃-၂ 

၅-၅

၇-၇ အဲ့ဒီလို ဆက်တာပါ။ OP 320 နဲ့ PLC ကို ချိတ်ဆက်မယ့်နည်းမှာ။ PLC အမျိုးအစား တော်တော် များများနဲ့ ချိတ်လို့ရပါတယ်။ ModBus နဲ့ ဆိုရင်တော့ Master အနေနဲ့လည်း ရပါတယ်။ Slave အနေနဲ့လည်း ရပါတယ်။ Mitsubishi PLC FX3U (Clone) MODBUS Address ကို set ဖို့ အပေါ်ဆုံးမှာ Program 3 ကြောင်း ရေးထားပါတယ်။ Bitpersecond 19200, Data Bit 8, Parity NON, Stop Bit 1 ဖြစ်ဖို့ နဲ့ Modbus Station Number 2 ဖြစ်ဖို့ ရေးထားတာပါ။ M1,M2 နဲ့ M5 ကတော့ Direct Online Starter ပါပဲ။ M1=Start,M2=Stop နဲ့ M5= Run ပါ။ M5 Energize ဖြစ်ရင် T1 က စပြီး Timer စပါမယ်။ ဘယ်လောက်ကြာကြာ Delay ဖြစ်မလဲကတော့ D31 နဲ့ သတ်မှတ်ပါတယ်။ T1 သည် 100ms Timer အမျိုးအစားဖြစ်ပါတယ်။ 100*D31= ကြာချိန် (Delay Timer) ပါ။ M4 ကိုတော့ အမြဲ On စေချင်လို့ M4 NC အလွယ်သုံးလိုက်တာပဲ။ အမြဲတမ်း On နဲ့ Special Coil သုံးလည်း ရပါတယ်။ OP 320 ကို Modbus RTU Master အနေနဲ့ သုံးထားတာမို့ သူဟာ Register တွေနဲ့ Coil တွေကိုပဲ ရေးလို့ ဖတ်လို့ ရပါတယ်။ Delay ဖြစ်နေတဲ့ ကြာချိန်ဟာ Time ဖြစ်နေလို့ Register D2 ထဲ ထည့်ပြီး OP 320 ထဲ ပြဖို့ [MOV T1 D2] ကို သုံးပါတယ်။ M5 Pickup ဖြစ်ရင် M3 Pickup ဖြစ်ပါမယ်။ M3 က HMI OP 320 ရဲ့ RUN / Stop Light ဖြစ်ပါတယ်။ D30 ဟာ Operator Key in လုပ်တဲ့ တန်ဖိုးပါ။ Operator သည် ၁ စက္ကန့်, ၂ စက္ကန့် စသဖြင့် စက္ကန့်နဲ့သာ ကြာချိန်ကို Key In လုပ်နိုင်ပါတယ်။ 1 Second timer ဖြစ်ဖို့ 100ms*10 =1000ms =1s ဖြစ်တာကြောင့် 10 နဲ့ မြှောက်ရပါမယ်။ T1 ဟာ အပေါ်မှာ ပြောခဲ့သလို 100ms timer ဖြစ်ပါတယ်။ [MUL D30 K10 D31] FUNCTION ကို သုံးပါမယ်။ Operator Key in လုပ်တဲ့ စက္ကန့် D30 ကို K10 တစ်ဆယ်နဲ့ မြှောက်ပြီး မြှောက်လို့ရတဲ့ တန်ဖိုးကို D31 ထဲ ထည့်ပါမယ်။ D31 သည် TIMER T1 အတွက် ကြာချိန် ဖြစ်ပါတယ်။ T1 ရဲ့ NC Contact ကို Direct Online Starter မှာ Series ထည့်ထားခြင်းဖြင့် STOP နှိပ်သည် ဖြစ်စေ, T1 အချိန်ပြည့်တာနဲ့ ဖြစ်စေ Run နေတာသည် ရပ်ပါမယ်။ ဈေး အနေနဲ့လည်း သိပ်ပြီး အကြီးကြီး မဟုတ်ပါဘူး ၄ သောင်း ဝန်းကျင်ပဲ ဖြစ်လို့ သုံးရတာ အဆင်ပြေပါတယ်။ Software အနေနဲ့လည်း OP Series Edit Tools ကို China PLC Website တွေမှာ free download လို့ ရပါတယ်။ Operator Panel ကို သုံးခြင်းဖြင့် Panel လေးလည်း ပိုပြီး အဆင့်မြင့်နိုင်မယ်လို့ ယူဆပြီး မျှဝေခြင်းဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

 Learning PLC by Doing Only

 #PLCinMyanmar #PLC #Myanmar #MyanmarAutomation #Automation #HMI #LearningPLCbyDoingOnly #ShweKuuandYoonSan #MyanmarAutomationEngineer

"အစီအစဉ်တစ်ကျ မောင်းနှင်ရန်လိုအပ်သော မော်တာများ

 2 Speed Motor Control အကြောင်းမှာ High speed winding ရဲ့ Contactor ဟာ ဦးစွာ အလုပ်မလုပ်ရသလိုပဲ အချို့သောလုပ်ငန်းခွင်များမှာ Motor တို့ကို အစီအစဉ်အရ တိကျစွာနှိုးပေးရတာမျိုးတွေရှိပါတယ်။ လူစည်ကားတဲ့ အဆောက်အဦးများမှ စက်လှေခါးများ၊ အဆင့်ဆင့် ပစ္စည်းတင်ပို့တဲ့ ကွန်ဗေယာစနစ် စသည်တို့မှာဖြစ်ပါတယ်။ (SINGAPORE MRT STATION တွေအထဲက Jurong East Station မှာ ပလက်ဖေါင်း A မှ F ကို ကူးဖို့အောက်တစ်ထပ်ကို ပြန်ဆင်းရလေ့ရှိပါတယ်။ စက်လှေခါးမှ ရထားစင်္ကြန် ပြန်အတက် အထက်စင်္ကြန်မှာ ရထားစောင့်နေသူများနဲ့ အစိမ်းလိုင်းမှ ဆင်းလာသူတွေရောနှောပြည့်နေလို့ နေရာလပ်မရှိတော့ပဲ လူခြင်းဖိထပ် တိုးမိကုန်တာကို ထိတ်လန့်ဖွယ် ကြုံခဲ့ရဖူးပါတယ်။)

 +++++++++++++++++++++++ 

နမူနာ PROJECT တစ်ခု၏ လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 1) အထက်အောက် အထပ်၃လွှာအတွက် တင်ပို့ရန်မော်တာ M1, M2 နှင့် M3 တို့ကို OPERATION တစ်ခုတွင်စုပေါင်းတပ်ဆင်ထားပြီ အစီအစဉ်တစ်ကျ တစ်ခုပြီးမှတစ်ခု မောင်းနှင်ရန်လိုအပ်ပါသည်။ (အထက်ဆုံးက M1 ဦးစွာ RUN မှ M2 ကို စတင်မောင်းနိုင်ပြီး M2 လည်း RUN ပါမှ M3 စတင်မောင်းရန်ဖြစ်ပါသည်။ အလှည့်ကျော် မောင်းသော် တုန့်ပြန်မှု မရှိရပါ။)

2) MANUL ရပ်လိုသည့်အခါတွင်မူ အောက်ဆုံးမှ M3 ကို ပထမဆုံး ရပ်တန့်စေပြီးမှသာ M2 ရပ်တန့် ၍ရမည်ဖြစ်ပြီး၊ M2 ရပ်ပြီးမှ M1 ရပ်နိုင်ရမည်ဖြစ်ပါသည်။ 

 3) အကယ်၍ မော်တာ တစ်လုံး OVERLOAD TRIP ဖြစ်လျှင် ယင်းမော်တာ ချက်ခြင်း ရပ်ရန်လိုသည့်အပြင် ဆက်စပ်မှုရှိသော မော်တာလည်း ရပ်ရပါမည်။ (M2 ရပ်သွားလျှင် M3 လိုက်ပါရပ်ရန်နှင့် M1 ရပ်တိုင်း M2 ပါလိုက်လံ ရပ်စေရန်ဖြစ်ပါသည်။)

 4) OVERLOAD ဖြစ်ပြီးနောက် မော်တာတို့ ရပ်တန့်ခဲ့သော် MANUAL RESET ဖြေရှင်းပေးရန်လိုပြီး လုပ်ငန်းပြန်စရန် MANUAL RE START ပြန်မောင်းရန်လိုပါမည်။ ++++++++++++++++++++++++++++++++ Ladder diagram တည်ဆောက်ရန် လမ်းညွှန် အကြံပြုချက်များ

 1) ပထမဆုံး မော်တာ သုံးလုံးအား DOL မော်တာ ပတ်လမ်း ၃ခုအဖြစ် ဦးစွာရေးဆွဲကြည့်သင့်ပါသည်။ ( START နှင့် STOP Push-button Switch (၃) စုံ ၊ Overload Protection (၃)ခု နှင့် Emergency Stop Switch (၁)ခု အသုံးပြုမည်ဖြစ်ပါသည်။)

 2) ထို့နောက်တွင် M2 အား မောင်းချင်တိုင်းမောင်းမရစေရန် M1-K1 က ထောက်ပံ့ကူညီမှ မောင်းရရန် INTERLOCK ဖန်တီးကြည့်ပါ။

 3) ထို့အတူ M3 အတွက်လည်း ကြိုးပမ်းကြည့်ပါ။

4) နောက်အဆင့်တွင် M3 လည်ပတ်နေစဉ် M2 အား M2-STOP ဖြင့် အလွယ်ရပ်တန့်မရအောင်စီမံ ဖန်တီးကြည့်ပါ။ (M3-K3 ကို အသုံးပြု၍ ကာကွယ်ထိန်းသိမ်းပါ) 

5) ထို့အတူ M2 လည်ပတ်နေစဉ် M1 အား M1-STOP ဖြင့် အလွယ်ရပ်တန့်မရအောင်စီမံ ဖန်တီးကြည့်ပါ။ (M2-K2 ကို အသုံးပြု၍ ကာကွယ်ထိန်းသိမ်းပါ) 

 6) နောက်တစ်ဖန် OVERLOAD ပြဿနာ ကြောင့် ဆက်စပ်မှုရှိနေသော မော်တာ ရပ်ရန် ဖြည့်စွက် မွန်းမံကြည့်ပါ။ အခက်အခဲရှိပါက ပူးတွဲပါ ရေးဆွဲပြီး နမူနာကို ကြည့်ရှုလေ့လာပါ။

 7) နောက်ဆုံးတွင် E-STOP ၏ အလုပ်တာဝန်အတွက် လိုသလောက် ဖြည့်စွက်ပါ။ 😎 PLC module တစ်ခုနှင့် အမှန်တစ်ကယ်တွဲဖက်အသုံးပြုသော E-STOP Switch သည် NC Type Contact တစ်ခု တည်း သို့မဟုတ် 1NC & 1NO ဖြစ်နိုင်သော်လည်း LADDER DIAGRAM ရေးဆွဲရာတွင် E-STOP CONTACT လိုအပ်ချက်နေရာများစွာ အတွက် ရေးဆွဲနိုင်ပါတယ်။ နမူနာ ပုံနှင့် လက်တွေ့မောင်းနှင်စမ်းသပ်မည့် E-STOP နှင့် STOP PB တို့အား NO Contact များသာ ရွေးခြယ်အသုံးပြုမည့်အနေဖြင့် ရေးဆွဲထားခြင်းဖြစ်ပါတယ်။ 

 

Credit: PLC အကြောင်းပြောကြမယ်။ #ShweKuuandYoonSan #ElectricalEngineering #ElectricalControl #LearningPLCbyDoingOnly #PLC #Sequencial

Part-time cfo/controller

မာတီမီတာဖြင့်

- Resistor 

-Capacitor

-AC Voltage

-DC Voltage

တိုင်းတာနည်းတို့ကို ပြထားပါတယ်။

Video ကြည့်ရန် Play Video ကို နှိပ်ပါ။

Basic PLC Example 1

ဒီ PLC ပရိုဂရမ်လေးကတော့ Output ဘယ်လိုထုတ်မလဲ ဆိုတာ နမူနာ ပြထားတာပါ။ Output Y2 က ON/OFF လုပ်မယ်။ အချိန် အတိုင်းအတာ တစ်ခုနဲပေါ့။ ဒီနေရာမှာ T0, T1 တွေက 100ms Timer တွေဖြစ်တဲ့ အတွက်ကြောင့် K10 နဲ့ မြောက်လိုက်တဲ့အခါ 1000ms = 1 sec ဖြစ်သွားမယ်။ ဒါကြောင့် Y2 က တစ်စက္ကန့် ON မယ်။ Y3 က တစ်စက္ကန့် ON မယ်။ အဲ့ဒီလိုနဲ့ တစ်လှည့်စီ သွားနေမှာ ဖြစ်ပါတယ်။


Video လေးကို ကြည့်ဖို့ Play Video ကိုနှိပ်ပါ။

PLC Basic Example -2 And Gate

And Gate ဆိုတာ တစ်နည်းအားဖြင့်တော့ Series (တန်းဆက်) ပေါ့ဗျာ။

 X0 နဲ့ X1 ဆိုတဲ့ Input နှစ်ခု ရှိတယ် ဆိုပါစို့။ နှစ်ခုစလုံး ON မှ Output Y0 က ON ဖြစ်မယ်။ 

ဒီနေရာမှာ PLC ဆိုတော့ Ladder diagram မှာ ဆိုရင် Input X0 နဲ့ X1 နှစ်ခုစလုံး Closed ဖြစ်မှ Output Y0 က Closed ဖြစ်မယ်။ Output Y0 ထွက်မယ်ပေါ့ဗျာ။  

Video ကြည့်ရန် Play Video ကို နှိပ်ပါ။

PLC Basic Example 3 OR Gate

OR Gate ဆိုတာ တစ်နည်းအားဖြင့်တော့ Parallel (ပြိုင်ဆက်) ပေါ့ဗျာ။ X0 နဲ့ X1 ဆိုတဲ့ Input နှစ်ခု ရှိတယ် ဆိုပါစို့။အဲ့နှစ်ခုထဲက တစ်ခုခု ON ရင် Output Y0 က ON ဖြစ်မယ်။ ဒီနေရာမှာ PLC ဆိုတော့ Ladder diagram မှာ ဆိုရင် Input X0 နဲ့ X1 နှစ်ခုထဲက တစ်ခု Closed ဖြစ်ရင် Output Y0 က Closed ဖြစ်မယ်။ Output Y0 မထွက်စေချင်ရင်တော့ X0 နဲ့ X1 နှစ်ခုစလုံး OFF ရမှာပေါ့ဗျာ။ 

Video ကြည့်ရန်အတွက် Play Video ကို နှိပ်ပါ။

Basic PLC Example 4 NOT Gate

NOT Gate ဆိုတာ တစ်နည်းအားဖြင့်တော့ ဆန့်ကျင်ဖက် ပေါ့ဗျာ။ သူက အဖြူဆို ကိုယ်က အမဲ ပေါ့။ Input X0 က ON / 1 / True ဆို Output Y0 က OFF / 0 / False ပေါ့။ အဲ…. Input X0 က OFF / 0 / False ဆိုရင် တော့ Output Y0 က ON / 1 / True ပါ ခင်ဗျာ။

BASIC PLC EXAMPLE - 5

ကျွန်တော်တို့ အလွယ်ပြောရင်တော့ DOL (Direct Online Starter) ပေါ့ဗျာ။ PLC Logic နဲ့ ပြောရင်တော့ Latching/Holding Circuit ပေါ့။ Push Button Switch လေးတွေဟာ နှိပ်တုန်းခဏပဲ Closed ဖြစ်နေပြီးတော့ ပြန်လွတ်လိုက်ရင် Open ဖြစ်သွားပါတယ်။ မော်တာဖြစ်စေ မီးလုံးဖြစ်စေ Load တစ်ခုခုကို အမြဲ On ထားစေချင်ရင်တော့ Latching/Holding Circuit ကို သုံးရမှာပေါ့။ တကယ့်အပြင်လက်တွေ့ ဘဝမှာတော့ STOP Push Button Switch ဟာ Normally Closed ပဲ လာပါတယ်။ ဒီမှာတော့ Normally Open နဲ့ နမူနာ ပြထားပါတယ် ခင်ဗျာ။ 

Play Video လေးကို နှိပ်ပြီး Video ကို ကြည့်နိုင်ပါတယ်။

PLC Basic Example 6 Forward & Reverse

Latching/Holding ကို နမူနာ DOL နဲ့ ပြပြီးတဲ့အခါမှာ ယခုဆက်လက်ပြီး FORWARD & REVERSE နဲ့ ဆက်ပြပါ့မယ်။ FORWARD & REVERSE မှာ ပိုသွားတာကတော့ INTERLOCK ပါပဲ။ FORWARD လည်နေတဲ့ အချိန်မှာ REVERSE မလည်အောင် နဲ့ REVERSE လည်နေတဲ့အချိန်မှာ FORWARD မလည်အောင်၊ တနည်းအားဖြင့် FORWARD & REVERSE ဆိုတာ L2 နဲ့ L3 ကို ချိန်း (Swap) လုပ်ပေးလိုက်တာပဲ။ Forward contactor နဲ့ Reverse Contactor သာ တူတူ ကပ်မယ်ဆိုရင် L2 နဲ့ L3 ဟာ Short ကျသွားမှာပါ။ ဒါကြောင့်မို့ Interlock လုပ်ခြင်းအားဖြင့် ကာကွယ်ထားပါတယ်။ Electrically Interlock လုပ်ထားတာပါ။ ဆိုဒ်တွေမှာတော့ Contactor နှစ်ခုကို Mechanical Interlock ပါ လုပ်ထားတာ တွေ့နိုင်ပါတယ်။

Video ကြည့်ရန်အတွက် Play Video ကို နှိပ်ပါ။

PLC Basic Example 7 Timer On (TON)

Timer

Timer တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဟာ ခလုပ်(Switch) တစ်ခုကို ဖွင့် လျှင် ဖွင့်လိုက်ချင်း ချက်ချင်း အလုပ်မလုပ်စေလိုတဲ့ အခါမျိုးမှာ Timer တွေ သုံးဖို့ လိုအပ်လာပါတယ်။

 ခလုပ်ဖွင့်ပြီး လို့ အချိန်တစ်ခုနေမှ On မယ့် Timer တွေကို “TON” လို့ ခေါ်ပြီး။ ခလုပ်ပိတ်ပြီး အချိန် တစ်ခုနေမှ ပိတ်မယ့် Timer မျိုးကိုတော့ TOFF လို့ ခေါ်ပါတယ်။ ခလုပ်ဖွင့်ပြီး အချိန်တစ်ခုသာဖွင့်ပြီး သူ့အလိုလို ပြန်ပိတ်သွားတဲ့ Timer မျိုးကိုတော့ TPulse လို့ ခေါ်ပါတယ် ခင်ဗျာ။ 

TON

TON မှာ Mitsubishi FX3U/FZX3UC PLC တွေမှာ T0 ကနေ T199 အထိက 100ms Timer ပါ။

T200 ကနေ T245 အထိက 10 ms Timer ပါ။ 

T246 ကနေ T249 အထိ Timer တွေကတော့ 1ms timer တွေပါပဲ။ PLC Power Off သွားလည်း Back Up Battery ကနေ Timer Value ကို ထိန်းထားမယ် ဆိုတဲ့ သဘောပေါ့။ 

T250 ကနေ T255 အထိ Timer တွေကတော့ 100ms timer တွေပါပဲ။ PLC Power Off သွားလည်း Back Up Battery ကနေ Timer Value ကို ထိန်းထားမယ် ဆိုတဲ့ သဘောပေါ့။ T256 ကနေ T511 အထိ Timer တွေကတော့ 1ms Timer တွေပါခင်ဗျာ။ 

 X0 On လျှင် On ချင်း Y0 က မ On သေးပါဘူး။ T0 သည် 100ms timer အမျိုးအစား ဖြစ်ပြီး K50 ဆိုသည့်အတွက်ကြောင့် 100ms x 50 = 5000ms = 5 seconds ကြာမှ Y0 က On မှာ ဖြစ်ပါတယ်။ 

 X1 On လျှင် On ချင်း Y1 က မ On သေးပါဘူး။ T200 သည် 10ms timer အမျိုးအစား ဖြစ်ပြီး K600 ဆိုသည့်အတွက်ကြောင့် 10ms x 600 = 6000ms = 6 seconds ကြာမှ Y1 က On မှာ ဖြစ်ပါတယ်။

X2 On လျှင် On ချင်း Y2 က မ On သေးပါဘူး။ T256 သည် 10ms timer အမျိုးအစား ဖြစ်ပြီး K3000 ဆိုသည့်အတွက်ကြောင့် 1ms x 3000 = 3000ms = 3 seconds ကြာမှ Y2 က On မှာ ဖြစ်ပါတယ်။ 

Video ကြည့်ရန် Timer ပုံကို နှိပ်ပါ။ ▶️

PLC Basic Example 8 Special Timer (STMR)

FNC 65 – STMR / Special Timer TON အကြောင်း ပြောပြီးသွားတဲ့ အခါ၊ အခု TOFF နဲ့ TP အကြောင်း ထပ်ပြောပါ့မယ်။ TOFF နဲ့ TP ကိုတော့ Mitsubishi FX PLC တွေမှာ Special Timer အနေနဲ့ သုံးပါတယ်။ Command ကတော့ STMR ပေါ့ဗျာ။ သူ့ရဲ့ Format ကတော့ [STMR S m D] ဆိုပြီး ရေးတယ်ဗျ။

[STMR S m D] 

STMR ဆိုတာက Special Timer ပေါ့ဗျာ။ 

S ကတော့ T0 ကနေ T199 အထိ ဆို TON မှာ ပြောခဲ့သလိုပဲ 100ms timer ပေါ့။ 

m ကတော့ မြှောက်ဖော်ကိန်းပေါ့။ 100ms ကို ဘယ်လောက်နဲ့ မြှောက်မလဲ ပေါ့။

D ကတော့ Special Timer က စပြီး နေရာယူမယ့် Bit ကို ထည့်ရတာပေါ့။ 

ဥပမာ. [STMR T0 K100 M0] ဆိုပါစို့။ 

S = T0 ဆိုတော့ Timer T0 ကို သုံးတယ်ပေါ့။

m= K100 ဆိုတော့ K က Decimal, 100 က တစ်ရာ ဆိုတော့ 100 နဲ့ မြှောက်မှာပေါ့။ 

D = M0 ဆိုတော့ M0,M1,M2,M3 နေရာ 4 ခုကို ယူမှာပေါ့။ တစ်ခြားနေရာတွေ မှာ M0,M1,M2,M3 ကို ထပ်သုံးလို့ မရတော့ဘူး။ 

 M0 က TOFF ပါပဲ။ X0 ကို ပိတ်လိုက်ပြီးရင်၊ 100ms x 100 = 10000ms = 10s ကြာတဲ့ အချိန်မှာ M0 က Off မယ်။ 

 M1 က Falling Edge မှာ စပြီး ON မယ့် TP ပါပဲဗျာ။ X0 OFF သွားတဲ့ အချိန်မှာ သူက 10 စက္ကန့် ON မယ်။ ပြီးရင် Automatic Off သွားမှာပေါ့။ TPulse ပါပဲ။ Falling Edge မှာ ဖြစ်တဲ့ TPulse ပေါ့။ 

M2 ကတော့ X0 ON ရင် လိုက်ပြီး ON မယ်။ 10S ကြာရင် Auto Off သွားပါမယ်။ X0 ON တဲ့ အချိန်ဟာ သတ်မှတ်ထားတဲ့ အချိန် (m) ထက် နည်းရင်တော့ X0 OFF တာနဲ့ M2 ဟာ လိုက်ပြီး OFF သွားပါမယ်။ ဥပမာ- အခု m = K100 ဆိုတော့ 10s ပေါ့နော်။ X0 ON တဲ့ အချိန်ဟာ 10 စက္ကန့်ထက် နည်းပြီး 8 စက္ကန့်ပဲ ON ရင် M2 ဟာလည်း X0 ON တာနဲ့ လိုက်ပြီး ON ပါမယ်. XO OFF တာနဲ့ လိုက်ပြီး OFF သွားပါ့မယ်။ X0 ON တဲ့ အချိန်ဟာ 10 စက္ကန့်ထက် များရင်တော့ X0 ON ရင် M2 လိုက်ပြီး ON မယ်။ X0 ဟာ ဆက်ပြီး ON နေပေမယ့်လည်း M2 ဟာ 10 စက္ကန့် ကြာတဲ့ အချိန်မှာ အလိုလို Automatic ပိတ်သွားမယ်ပေါ့။

 M3 ကတော့ X0 ON ပြီး 10 စက္ကန့် နေရင် ON မယ်။M2 OFF ရင် ON မယ်၊ M1 OFF ရင် OFF မယ်။ 


OMRON PLC Start with CX-programmer

မင်္ဂလာပါ ခင်ဗျာ။ Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ Omron PLC တစ်လုံးကို CX-Programmer နဲ့ ဘယ်လို Connect လုပ်တယ်။ ဘယ်လို Program သေးသေးလေး ရေးတယ်။ Input တွေ Output တွေ ဘယ်လို Assignment လုပ်တယ် ဆိုတာ ရှင်းပြထားတာ ဖြစ်ပါတယ်။ Input Output လည်း ပါအောင်၊ Timer လည်း ပါအောင်၊ လျှပ်စစ် နားလည်တဲ့လူတွေ နားလည်ပြီးသား ဖြစ်တဲ့ Star Delta နဲ့ နမူနာ ပြထားပါတယ်။ Omron PLC မှာ Input Output Assignment က PLC မှာ ရေးထားတဲ့ CH0 CH1 တို့ နောက်မှာ ကို ယ် wiring ဝင်ထားတဲ့ Terminal နံပါတ် ထည့်ရုံပါပဲ။ Internal Memory ကတော့ W နဲ့ စပါတယ်။ ကျေးဇူးတင်ပါတယ်။

 #LearningPLCbyDoingOnly #PLCinMyanmar #ShweKuuandYoonSan #ElectricalEngineer #Omron #StarDelta #PLC #အခမဲ့ဆိုတဲ့အရာတိုင်းမှာခန့်မှန်းလို့မရတဲ့တန်ဖိုးတစ်ခုတော့အမြဲတမ်းရှိနေပါတယ်။ #GonGong

Siemens LOGO! and ABB ACS800 MODBUS TCP Control

ABB ACS800 ကို Siemens LOGO PLC နဲ့ MODBUS TCP ကို အသုံးပြုပြီး Control လုပ်ထားတာ ဖြစ်ပါတယ်။ MODBUS TCP ဆိုတဲ့အတိုင်း IP Address Set ဖို့ လိုအပ်ပါတယ်။ same network ဆို Gateway address set စရာ မလိုပါဘူးခင်ဗျာ။ ဒါကတော့ Practical ဖြစ်ပြီး နောက်တစ်ကြိမ်ကျမှ၊ Theory တင်ပေးပါ့မယ် ခင်ဗျာ။

Siemens LOGO! and ACS800 ABB Drive MODBUS TCP Theory.

မင်္ဂလာပါခင်ဗျာ။
Learning PLC by Doing Only အစီအစဉ်မှ ကြိုဆိုပါတယ်။
ဒီတစ်ခါတော့ ကျွန်တော်တို့ Siemens LOGO! PLC ကနေပြီးတော့ ABB ACS800 Drive ကို MODBUS TCP ကို သုံးပြီး Control လုပ်တဲ့ အကြောင်း ရှင်းပြပါ့မယ်။
လိုအပ်သော ပစ္စည်းများ
၁။ LOGO! PLC with TCP Port
၂။ ABB ACS800 Drive with RETA-01
၃။ ကွန်ပျူတာ၊ LOGO! 8 PLC၊ နဲ့ ABB ACS800 သုံးခု ဆက်သွယ်မှာဆိုတော့ Un-managed switch တစ်ခု၊
ကျွန်တော်ကတော့ Router အဟောင်းတစ်ခု သုံးတယ်ဗျ။ ရှိတာလေး ထုတ်သုံးရတာပေါ့။

Drive ရဲ့ Parameter တွေကို Setting လုပ်ရပါ့မယ်။
ကျွန်တော်ကတော့ Keypad (Handheld) ပဲ ခေါ်ခေါ်၊
HMI ပဲ ခေါ်ခေါ် က LCD Display က အရမ်းမှိန်နေတဲ့ အတွက် Parameter တွေကို Computer နဲ့ ပဲ Set ပြပါ့မယ်။ ABB Drive အတွက် Programming Cable, Computer Software လိုအပ်ရင် ကျွန်တော့ကို မဆက်သွယ်ပါနဲ့။ Local Distributor ကို ဆက်သွယ်ပေးပါ ခင်ဗျာ။

ABB Drive Profile မှာ
PLC to Drive က
1 က အမြဲတမ်း Control Word,
2 က အမြဲတမ်း Speed reference,

Drive to PLC ကတော့
1 က အမြဲတမ်း Drive Status word,
2 က အမြဲတမ်း Actual Speed ဖြစ်ပါတယ်။

ABB Drive တွေမှာ MODBUS TCP က တစ်ပါတည်း မပါပါဘူး။ Option Module အနေနဲ့ ဝယ်ရပါတယ်။
MODBUS TCP ရဲ့ OPTION MODULE ကတော့ RETA-01 ဖြစ်ပါတယ်။ ACS800 အတွက်ပါ။ တစ်ခြားမော်ဒယ်တွေအတွက်က FENA-11/21 စသဖြင့် ရှိပါသေးတယ်။
Option Module ကို Slot 1 ဒါမှမဟုတ် Slot 2 မှာ စိုက်ပါ။ ပြီးရင် ပါရာမီတာ Group 98 Option Module 9802 COMM.MODULE LINK မှာ FIELD BUS လို့ ရွေးပေးရပါမယ်။
အဲ့ဒီလို ရွေးလိုက်မှ Parameter Group 51 COMM MODULE DATA ဟာ ပေါ်လာမှာ ဖြစ်ပါတယ်။
COMM MODULE DATA မှာ IP Address ထည့်ပါ။
Drive ရဲ့ ပါရာမီတာ Group 10 START/STOP/Direction မှာ ကျွန်တော်တို့ Control Word ကနေ Start Stop လုပ်မယ်လို့ ရွေးပေးရပါမယ်။
Reference Direction ကိုလည်း COMM ကနေ ပေးမယ် ဆိုတာ ရွေးပေးရပါမယ်။

Control word အနေနဲ့တော့ Maunal ဖတ်ပါ။
#H47E တစ်ခါပို့၊ ပြီးရင် #H477 ပို့မှ Drive ဟာ ရယ်ဒိ ဖြစ်ပါမယ်။ #H47F ဆို Run ပါမယ်။
0100 = 4 ,1111=F ,0111=7, 1110 = E

#PLC အနေနဲ့ LOGO! က LOGO! Soft Comfort နဲ့ Program လုပ်ရတာပါ။
Control word အနေနဲ့ Analog Multiplexer ကို သုံးပါတယ်။ NAQ က တော့ Network Analog Output ပါ။
Speed Reference ကိုတော့ 5 ကို အလယ်မှာ ထားပြီး
5V to 0 V နဲ့ 5V to 10 V Direction နှစ်မျိုး သတ်မှတ်ထားပါတယ်။
0V မှာ ဗယ်လည် အမြန်ဆုံး ဖြစ်ပြီး 10V မှာ ညာလည်အမြန်ဆုံး ဖြစ်ပါမယ်။
AI 1 က တော့ I7 ကို သုံးထားပါတယ်။ Analog Amplifier နဲ့ နှစ်ခါ သုံးပြီး လိုအပ်တဲ့ Max 20000 Min -20000 ကို scale ချထားပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
သိလိုတာများ ရှိလည်း service@sandakuu.com ကို email ပို့ပြီး မေးမြန်းနိုင်ပါတယ်။



2 Way switch ပုံစံမျိုးလေးနဲ့ PLC အတွက် Digital Input Simulation လုပ်မယ်။
မင်္ဂလာပါ ခင်ဗျာ။
Learning PLC by doing only အစီအစဉ်မှ ကြိုဆိုပါတယ်။
Mitsubishi PLC , Siemens PLC, Omron PLC, China Clone PLC ကြိုက်တဲ့ PLC သုံးပါ။ Digital Input တွေ အတွက် Simulation လုပ်ဖို့ switch တွေတော့ လိုမှာ ဖြစ်ပါတယ်။ NO/ NC ကြိုက်တာ သုံးလို့ ရအောင်။ အလွယ်တစ်ကူ ခလုပ်တစ်ချက် ပြောင်းရုံနဲ့ ရအောင်လို့ လှေခါးတွေ ဂိုထောင်တွေမှာသုံးတဲ့ 2way switch လေးကို သုံးဖို့ အကြံပြုလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
#LearningPLCbyDoingOnly #PLCinMyanmar #ShweKuuandYoonSan #PLC #Simulation #Digital #DI
အခမဲ့ဆိုတဲ့အရာတိုင်းမှာခန့်မှန်းလို့မရတဲ့တန်ဖိုးတစ်ခုတော့အမြဲတမ်းရှိနေပါတယ်။
#GonGong